Future Plan

Leave a Comment
မိသားစု တစ်စု အဖြစ်ပုံဖော်တော့မယ့် အိမ်ထောင်တစ်ခုမှာ သားသမီးအရေအတွက် ဘယ်လောက်လောက် ရှိနေသင့်မလဲ ။ ဘယ်လို ဖွဲ့စည်းမှုမျိုး ဖြစ်သင့်မလဲ ..

ကျွန်တော် စဉ်းစားကြည့်တယ် ..


သားသမီး အရေအတွက် အရမ်းများနေခဲ့ရင်လည်း အခုမျက်မှောက်ခေတ် မြန်မာနိုင်ငံတွင်း စီးပွားရေး အခြေအနေနဲ့ ကိုယ့်မိသားစုမှာ ဖြစ်တည်လာမယ့် ကိုယ့် သားသမီးတွေကို လောက်ငမျှတအောင် ဖန်တီးပေးနိုင်ဖို့ အလျှင်မမှီနိုင်မှာ တွေးပူနေမိတယ် .. သားသမီး အရေအတွက် အရမ်းနည်းနေခဲ့ရင်လည်း ကိုယ့် သားသမီးလေးတွေ ပေါင်းသင်းဆက်ဆံရေးနဲ့ မိသားစုခင်တွယ်မှု သံယောဇဉ်ဆိုတာကို နားမလည်မှာ စိုးတယ် .. အဲ့တော့ ကျွန်တော် ဘာလုပ်သင့်မလဲ .. သားသမီး များများယူဖို့တော့ ကျွန်တော့်မှာ စီမံချက် မရှိသလို ရည်မှန်းချက်လည်း မရှိပါဘူး .. ကံထိုက်လို့ ရလာမယ့် သားသမီးတွေကိုတော့ ဖြစ်မြောက်အောင် ပြုစုရမှာပေါ့လေ ..

ရည်မှန်းထားတာတော့ သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက် လိုချင်တယ် .. သားအကြီးနဲ့ သမီးကို အငယ်မလေး လိုချင်တယ် ..



ဒီလို သားအကြီးမျိုး ပေါ့ သားကြီးကို ယောကျာင်္းပီသပြီး သစ္စာရှိမယ့် သားမျိုး ဖြစ်စေချင်တယ်။


သမီးလေးကိုတော့ လှလှပပလေးနဲ့ ပညာတတ်မယ့် သမီးလေး ဖြစ်စေချင်တယ် .. ဟုတ်ပါတယ် ခုတလော တူလေးဓာတ်ပုံတြွေကည့်ပြီး ကလေးရူးရူးနေတာပါ ..

ဒီကလေးတွေက အပြင်ကို လမ်းလျောက်ထွက်ရင်း ကမ်းခြေမှာ ကလေးလေးတွေ ချစ်ဖို့ကောင်းလို့ ရိုက်ပြီး သိမ်းထားတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ပါ .. မြန်မာမဟုတ်တာတော့ သိပြီးသားပေါ့ .. ဒါပေမယ့် ကလေး ဆိုတာကတော့ ဖြူဖြူမည်းမည်း ချစ်စရာ မကောင်းရင်တောင် အပြစ်တော့ ကင်းကြပါတယ် .. အဲတော့ ကလေးတွေဆို အကုန်ချစ်တယ်။

ငယ်ရော
သားသမီးတွေကို ဘယ်လို ဖြစ်စေချင်မလဲ
သူရော ဘယ်လိုချစ်တတ်မလဲ။

KznT.

What If She's An Angel

Leave a Comment
 
သီချင်းတွေ အမြဲ နားထောင်နေဖြစ်တယ် ...
စိတ်ညစ်တဲ့ အခါ
ပျော်တဲ့ အခါ
တစ်ခုခုကို လွမ်းတဲ့ အခါ
တစ်စုံ တစ်ခုကို အလို မကျတဲ့ အခါ
ဖြေးဆေး ငြိမ်းချမ်းမှုနဲ့ နာရီတစ်ချို့ကို ဖြတ်သန်းချင်တဲ့ အခါ




There's a man standing on the corner
With a sign sayin "will work for food"
You know the man
You see him every morning
The one you never give your money to
You can sit there with your window rolled up
Wondering when the lights going to turn green
Never knowing what a couple more bucks
In his pocket might mean

What if he's an angel sent here from Heaven
And he's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in his face
Knowing deep down it could have been his saving grace
What if he's an angel

There's a man
There's a woman
Living right above you in apartment G
There's alot of noise coming from the ceiling
And it don't sound like harmony
You can sit there with your TV turned up
While the words and his anger fly
Come tomorrow when you see her with her shades on
Can you look her in the eye

What if she's sent here from heaven
And she's making certain that you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel

A little girl on daddy's lap
Hiding her disease with a baseball cap
You can turn the channel
Most people do
But what if you were sitting in her daddy's shoes

Maybe she's an angel
Sent here from Heaven
And she's making certain you're doing your best
To take the time to help one another
Brother are you going to pass that test
You can go on with your day to day
Trying to forget what you saw in her face
Knowing deep down it could have been her saving grace
What if she's an angel


KznT.

My Lovely Nephew

Leave a Comment
သားလေး .. ကိုယ့် သား အရင်း မဟုတ်ပေမယ့် ကိုယ့် သားလိုပါပဲ .. သားလေး နာမည်ကိုတော့ မပေးကြရသေးဘူး မင်းသန့်လိှုင် ဆိုတာကိုတော့ ကြိုက်တယ် .. ကိုယ့်နာမည်လည်းပါ .. သူ့ အဖေ နာမည်လည်းပါ .. အမေနာမည်လည်းပါ .. ဒါပေမယ့် သူတို့ ဘယ်လိုပေးမယ်ဆိုတော့ မသိသေးဘူး .. ဘယ်လိုဖြစ်ဖြစ်ပါ အဓိကက ကလေး အတွက် အနာဂတ်ကောင်းဖို့ ပဲ လိုတာပါ ..


ရုပ်က ပြီတည်တည်နဲ့ မျက်ခုံးမွှေးက မရှိဘူး .. တို့ အမျိုး နဲ့ တူတာ .. ဟဟ .. သူ့အဘိုး ကြားရင်တော့ ပြုံးဖြီးဖြီးကြီး ဖြစ်နေမယ် ထင်တယ် … ဟုတ်တယ်လေ အဖေက မျက်ခုံး မွှေးမှမရှိတာ ..အခုရှိနေတာ လေးတောင် အမေ့ဆီက မနည်းအမွေ ရထားတာ အသက် ဘယ်လောက် ရောက်ရင် အကုန်ပြောင် မလဲတောင် မသိဘူး ..
သားလေး တူလေး .. တူသားလေး .. ဦးဦးရဲ့ တူသားလေး ..နေကောင်းကျန်းမာပါစေ .. တူလေး မေမေလည်း နေကောင်း ကျန်းမာပါစေ .. တူလေး ဖေဖေတော့ ဗိုက်ကျပါစေ .. တူလေး ဖေဖေက ဗိုက်ကြီး တော်တော်ပူနေတယ် .. အသက်က ၃၀ မပြည့်သေးဘူး ဗိုက်က ၅၀ ကျော်အရွယ် ဗိုက်နဲ့ .. သိပ်တော့ အဆင်မပြေဘူး ..
ကြားရင်တော့ မနာလို ဖြစ်နေမလား မသိ .. မင်းဦးဦးတောင် မင်းဖေဖေလောက် ဗိုက်မပူဘူး ဟဟဟဟ .. တူလေးလည်း တူလေး ဖေဖေလိုမျိုး ဗိုက်ပူလေး ဖြစ်အောင် လုပ်နော် ... ဦးဦး ပြန်လာရင် တူလေးဖို့ ရုပ်ရုပ်တွေ များကြီး ဝယ်လာခဲ့မယ် ..
ဦးဦးလို့ ခေါ်တတ်အောင်တော့ တူလေး မေမေဆီက သင်ထား ..
ဦးဦး မခေါ်တတ်လို့ကတော့ ရုပ်ရုပ်မရဘူး တုတ်တုတ်ပဲ ရမယ်
တူလေးကို ချစ်တဲ့
ဦးဦး။

KznT.
Blogged with the Flock Browser

My Lovely Nephew Finally Born

Leave a Comment
ကျွန်တော့် သား မဟုတ်ပေမယ့် ကလေး အရမ်းချစ်တဲ့ ကျွန်တော့် အတွက်တော့ သူက ကျွန်တော့် သားလို ပါပဲ .. သားလေး သို့မဟုတ် ကျွန်တော့် တူလေးပေါ့ ...

အောက်တိုဘာ ၁၅ ၂၀၀၉ ခုနှစ် မနက် ၅ နာရီ က မွေးခဲ့တယ် ..

ကျွန်တော့် အစ်ကို နဲ့ အစ်မ ပြီးတော့ ချစ်တူလေး ...

သူတို့ မိသားစု အေးချမ်း ပျော်ရွှင်နိုင်ပါစေ ..
သာယာတဲ့ မိသားစု ဘဝလေးကို ထာဝရ လက်တွဲမြဲမြံစွာ ပိုင်ဆိုင်နိုင်ပါစေ ..
သားလေး အောင်မြင် ကြီးပွား တိုးတက်ပါစေ ..

ဦးဦး။

KznT.
Blogged with the Flock Browser

Dear my Mom

Leave a Comment
ငယ့်ကို မေမေ့ အကြောင်း ပြောပြမယ် ဆိုပြီး မပြောပြ ဖြစ်သေးဘူး .. မေမေ့ အကြောင်း စပြောရမယ် ဆိုရင်တော့ အရင်ဆုံး မေမေ့ မွေးနေ့ ကနေ စပြီး ပြောပြမှရမယ် .. မေမေ့ကို ၁၉၆၀ ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တယ် .. မေမေက ဗုဒ္ဓဟူးသမီး .. အဲမှာ ကို တစ်ခု တွေးမိတာက ငယ်ကလည်း ဗုဒ္ဒဟူးနေ့ ညနေပိုင်းမှာ မွေးတဲ့ သူ ဆိုတော့ မေမေနဲ့ ငယ် အဆင်မှ ပြေပါ့မလားလို့ တွေးမိတယ် .. မြန်မာ အယူအဆ အရ ကိုက တွက်မိတာလေးပါ .. သိပ် အယုံအကြည် ရှိနေလို့ တော့ မဟုတ်ပါဘူး။

မေမေ့မှာ မွေးချင်း ကိုးယောက် ရှိပြီး မွေးချင်း ကိုးယောက်မှာမှ မေမေ တစ်ယောက်တည်း ဘွဲ့ ရခဲ့တာ မို့လို့ မေမေက ပညာတတ်ဘွဲ့ရတွေကို လေးစားတယ် အထင်ကြီးတတ်တယ် .. သူကိုယ်တိုင်လည်း ဘွဲ့ ရခဲ့ပေမယ့် ဖေဖေနဲ့ အိမ်ထောင်ကျပြီး ကတည်းက အလုပ် တစ်ခုမှ မလုပ်ဖြစ်ခဲ့ဘူး .. ဒါကလည်း မြန်မာမှု ပတ်ဝန်းကျင်မှာ မိန်းကလေးတိုင်း ဒီလိုပဲ ဖြတ်သန်းနေကြတာပဲလေ .. အဲ့ခေတ် အခြေအနေတုန်းက ယောကျာင်္း တစ်ယောက်ရဲ့ လုပ်အားခက အိမ်ထောင်စု တစ်ခုလုံးကို ထောက်ပံ့လုပ်ကျွေးနေနိုင်တယ်လေ .. ခုခေတ်မှာတော့ အနဲနဲ့ အများ ကွားခြားကုန်ကြပြီ ..

မေမေက အပြင်မှာ လုပ်ငန်း ကိုင်ငန်းနဲ့ အလုပ်လုပ်တဲ့သူ တစ်ယောက် မဟုတ်ပေမယ့် အိမ်ထဲမှာတော့ ထိုင်နေတတ်တဲ့ မိန်းမမျိုး မဟုတ်ဘူး .. အစဉ်သဖြင့် မေမေက အိမ်အလုပ်တွေ တစ်ယောက်တည်း တကုပ်ကုပ်နဲ့ လုပ်နေတတ်လို့ ကိုက “ မေမေက အမြဲအဝတ်လျှော်ရရင် လျှော်ရ .. မလျှော်ရရင် အိမ်ရှင်းနေရမှ နေတတ်တာလား “ လို့ စပြီး မေးတော့ မေမေ အဲတာကိုပဲ ပြုံးပြီး ကျေနပ်နေတတ်တယ် ..

ကို ၅ တန်းနှစ် အရောက် ဖေဖေ အလုပ်တာဝန်နဲ့ နယ်ကို ပြောင်းရတော့ မေမေနဲ့ ကိုတို့ ရန်ကုန်ကို ကိုတို့ ပညာရေးအတွက် နယ်ကို လိုက်မသွားပဲ ကျောင်းတက်ဖို့ ပြောင်းလာ ဖြစ်ခဲ့တယ် ။. ယောကျာင်္းလုပ်သူနဲ့ ကွဲကွာပြီး နေရပေမယ့် မေမေ အိမ်ထောင်ရေးစည်းစောင့်တယ် .. အပျော်အပါးကို ပွဲလမ်းသဘင် ဆိုတာတွေ ဘေးနားမှာ ရှိရင်တောင် မေမေ စိတ်မဝင်စားတတ်ဘူး .. ကိုတို့တွေ လူလားမြောက် ပညာတတ်ဖြစ်ဖို့ကိုပဲ မေမေ အာရုံစိုက်ခဲ့တယ် ..

ကိုတို့ ၁၀ တန်းအောင်တော့ ကျောင်းဆက်တက်ဖို့ အတွက် နယ်မှာရောက်နေတဲ့ ဖေဖေက မထောက်ပံ့နိုင်တော့လို့ မေမေ့အတွက် ဖေဖေဖန်တီးပေးထားတဲ့ အိမ်ကို မေမေက လျော့ဈေးနဲ့ ရောင်းပစ်ခဲ့ပြီး အရင်းအနှီးလုပ်ငန်းတစ်ခုထဲကို ထည့်ခဲ့တယ် .. အရင်းအနှီးလုပ်ငန်းတစ်ခု ဆိုပေမယ့် အမြတ်မရပဲ ကိုယ့်အရင်းကိုယ် ပြန်ထုတ်စားရတဲ့ အရင်းအနှီးတစ်ခုမို့လို့ မေမေနဲ့ ဖေဖေ့အိမ်ဆိုတာ ကိုယ်တို့ရဲ့ ပညာရေးဆိုတဲ့ ဂယက်အောက်မှာ ပျောက်ဆုံးခဲ့ရတယ် …

အမှန်အတိုင်း ပြောရရင်တော့ စီးပွားရေးလုပ်ငန်း မလုပ်ခဲ့ဖူးတဲ့ မေမေဟာ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် အခြေချလုပ်ကိုင်နိုင်ဖို့ ကောင်းကောင်း မစီမံမခန့်ခွဲတတ်ပါဘူး .. အဲတာကြောင့်လည်း ကိုယ်တို့ပိုင်ဆိုင်တဲ့ အိမ်တစ်လုံး ဆုံးရံှုးခဲ့ရတာပေါ့ .. မေမေ့ကို အပြစ်တင်တာ မဟုတ်ပါဘူးလေ .. မဆုံးရှုံး သင့်တဲ့ အရာတစ်ခု ပျောက်ဆုံးခဲ့ရလို့ သင်ခန်းစာယူမိတာပါ .. အိမ်ရောင်းပြီးတဲ့ နောက် ဖေဖေ့နောက်ကို မေမေ လိုက်သွားခဲ့တယ် .. ကိုယ်တို့ကတော့ မေမေတို့နဲ့ ဝေးရာဆီမှာ ကျောင်းဆက်တက်ခဲ့တယ် ..

သူတို့ဆီမှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး ငယ် ..
အိမ်ရောင်းချပြီးတဲ့ နောက်မှာ ကို့အကို အိမ်ထောင်ကျတော့ သူတို့မှာရှိတဲ့ အိမ်ထောင်ပရိဘောဂ တွေထဲက အနဲအကျဉ်းကို ကို့အကို အိမ်ထောင်ဦး အတွက် ထပ်ခွဲတမ်းချ ပေးခဲ့တယ် .. မေမေနဲ့ ဖေဖေ့အကြောင်း ပြောရင်းနဲ့ မိဘမေတ္တာဆိုတာ ပိုပြီး မြင်လာမိတယ် . ကိုတို့တွေ မိဘနေရာ ရောက်လာခဲ့ရင်ရော ကိုယ်တို့ မိဘတွေလောက် သားသမီးအပေါ် တာဝန်ကျေပွန်နိုင်ပါ့မလား .. မေမေ့ အကြောင်း အသေးစိတ် မဟုတ်ပေမယ့် ဒီလောက်ဆိုရင်ပဲ ငယ် မနဲမကျဉ်း သိလောက်ပါပီ ..

ကိုယ်တို့တွေ ဆက်ပြီး စဉ်းစားရမှာက ..
ကိုယ်တို့အပေါ် မိဘဝတ္တရား ကျေပွန်ခဲ့တဲ့ ကိုတို့ မိဘတွေအတွက် ကိုတို့ သားသမီးဝတ္တရား ကျေပွန်နိုင်ဖို့ ဘယ်လိုကြိုးစားကြမလဲ ...
ကိုယ်တို့ရဲ့ မျိုးဆက်အတွက် ကိုယ်တို့ ဘယ်လို ပေးဆပ်ကြမလဲ ဆိုတာ …

KznT.

Related Posts